ABOUT US
YUME NIPPON
ABOUT US
YUME NIPPON ကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရန်ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ပါသည်။
ဇွန်လ ၁၉ ရက် ၂၀၂၄ ၌ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်ကို ရထားသော လိုင်စင်ရပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလည်းဖြစ်ပါသည်။
လက်ရှိမိတ်ဆက်ပေးလျက်ရှိသော ပြည်ပအလုပ်အကိုင်များမှာ ဖုန်းအရောင်းဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေပါသည်။
အထူးကျွမ်းကျင်လုပ်သားများအားဂျပန်နိုင်ငံရှိအလုပ်အကိုင်အခွင့်အလမ်းများနှင့်ချိတ်ဆက်ပေးခြင်း
မြန်မာနိုင်ငံမှဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသူများအတွက်
မိမိနှင့်ကိုက်ညီမှုရှိသောအလုပ်များကို ရှာဖွေချိတ်ဆက်ပေးပါသည်။
အလုပ်ချိတ်ဆက်ရေးလုပ်ငန်းစဉ်အတွင်း ထိရောက်စွာပံ့ပိုး၍ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုကွဲပြားချက်များကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို
ညှိနှိုင်းဖြေရှင်းလျှက် ဂျပန်နိုင်ငံတွင် အဆင်ပြေချောမွေ့စွာ အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက် အရည်အချင်းမြှင့်တင်ပေးမှုများလည်းဆောင်ရွက်ပေးပါသည်။
အလုပ်ရှင်နှင့်လုပ်သားများထံမှ အယုံကြည်ရဆုံးထိပ်တန်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဖြစ်လာရန်
အလုပ်ရှင်များ၏လိုအပ်ချက်များကိုသာမက အလုပ်သမားများ၏ဆန္ဒနှင့်လိုက်လျော ညီထွေဖြစ်စေရန် အလုပ်ရှင်နှင့်အလုပ်သမားကြား ကွာဟချက်များကိုပေါင်းကူး
ပေးရန် ရည်ရွယ်ပါသည်။
အလုပ်ရှင်များနှင့် ခိုင်မာသောဆက်ဆံရေးကိုမွေးမြူပြီး ၄င်းတို့၏လိုအပ်ချက်များကို နားလည်ပေးခြင်းဖြင့် အလုပ်သမားများအတွက် အဓိပ္ပာယ်ရှိသောအလုပ်ခွင်များနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပါသည်။
ပွင့်လင်းမြင်သာမှုနှင့်ယုံကြည်မှု (အလုပ်ရှင်နှင့်အလုပ်သမား အပြန်အလှန်ဆက်ဆံမှုများတွင် လူ့ကျင့်ဝတ်စံနှုန်းများကိုလိုက်နာပြီး ပွင့်လင်းမြင်သာမှုနှင့်ယုံကြည်မှုကို အာမခံခြင်း)
ပံ့ပိုးကူညီမှု (အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရည်မှန်းချက်များအောင်မြင်ရန် လိုအပ်သောအရင်းအမြစ်များကို ပံ့ပိုးကူညီပေးခြင်း)
တန်းတူညီမျှမှု (နှစ်နိုင်ငံကြားကွဲပြားသောယဉ်ကျေးမှုများကို လက်ခံဂုဏ်ပြုပြီး လူမျိုးဘာသာမခွဲခြားဘဲ မြန်မာနိုင်ငံသားအားလုံးအတွက် တန်းတူညီမျှအခွင်းအရေးများကို မျှဝေပေးခြင်း)